ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ရှင်ယောဟန် 1:45 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။ Common Language Bible ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။ Garrad Bible ဖိလိပ္ပုသည် နာသနေလကိုတွေ့၍ ပညတ္တိကျမ်း၌မောရှေရေးထားသည့်ပြင်၊ ပရောဖက်တို့ရေးထားသောအရှင်ဖြစ်သူ နာဇရက်မြို့နေယောသပ်သားယေရှုကို ကျွန်ုပ်တို့တွေ့ကြပြီဟုဆိုသော်၊ Judson Bible ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။ မြန်မာ ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။- |
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။
အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
ထို့နောက် သူ့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အတက် ဟုအမည်ရှိသောသူတစ်ယောက် ပေါ်လာမည်။ သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။
နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
မီးလှုံနေသောပေတရုကိုတွေ့လျှင် သူ့ကိုစူးစိုက်ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သားဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုမဟုတ်လော။ သူ၏နှမများသည်လည်း ငါတို့နှင့်အတူ ဤအရပ်၌ရှိကြသည်မဟုတ်လော”ဟု ပြောဆိုကာ ကိုယ်တော်အပေါ်ဘဝင်မကျဖြစ်ကြ၏။
ယောသပ်သည်လည်း ဒါဝိဒ်အမျိုး၊ ဒါဝိဒ်၏အဆက်အနွယ်ဖြစ်သောကြောင့် မိမိနှင့်စေ့စပ်ထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသောမာရိနှင့်အတူ သန်းခေါင်စာရင်းဝင်ရန် ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဗက်လင်မြို့ဟုခေါ်သော ယုဒနယ်ရှိ ဒါဝိဒ်မြို့သို့သွားလေ၏။
မိဘတို့သည် သူ့ကိုတွေ့သောအခါ အံ့အားသင့်၍ မယ်တော်က “ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုရသနည်း။ သင့်ဖခင်နှင့်ငါသည် သင့်ကိုစိုးရိမ်တကြီးရှာခဲ့ရ၏”ဟု ဆိုလေ၏။
ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။
တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
ယေရှုသည် အမှုတော်စတင်ဆောင်ရွက်သောအခါ သက်တော်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့၏ထင်မြင်ချက်အရ ကိုယ်တော်သည် ယောသပ်၏သားဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။
သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။
ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။
သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း“ငါဖြစ်သည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။
ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။
ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
“ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့်‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။
ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား“ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။
ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင်‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
အမှန်စင်စစ် အကျွန်ုပ်ကိုယ်တိုင်သည်လည်း နာဇရက်မြို့သားယေရှု၏နာမတော်အား ဆန့်ကျင်သည့်အမှုများစွာတို့ကိုပြုရမည်ဟုထင်မှတ်၍
ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်