Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း”​ဟု မေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ယေရှု​သည် မျှော်ကြည့်​သောအခါ မိမိ​ထံသို့ လူအုပ်ကြီး​လာနေသည်​ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပု​အား “ဤ​လူတို့ စား​ရန် စားစရာ​ကို မည်သည့်​နေရာ​မှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:5
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​စား​ဖို့​အသား​ကို ပေး​ပါ​’​ဟု ဆို​လျက် ငိုကြွေး​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဤ​လူ​အပေါင်း​တို့​ကို​ပေး​ဖို့ အသား​ကို အဘယ်​က ရ​နိုင်​ပါ​မည်နည်း​။


တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။


ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။


တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။


နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ဖိလိပ္ပု​သည် အန္ဒြေ​နှင့်​ပေတရု​တို့​၏​ဇာတိ​မြို့​ဖြစ်​သော ဗက်ဇဲဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။


ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။


နာသနေလ​က​လည်း “နာဇရက်​မြို့​ထဲမှ ကောင်း​သော​အရာ​တစ်စုံတစ်ခု​ထွက်​နိုင်​သလော”​ဟု ဆို​သော် ဖိလိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။


နာသနေလ​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​ကို မည်သို့​သိ​ပါ​သနည်း”​ဟု မေးလျှောက်​သော် ယေရှု​က“ဖိလိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သဖန်းပင်​အောက်၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သင်​တို့​က ‘ရိတ်သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်ပြင်​တို့​ကို မျှော်ကြည့်​ကြ​လော့။ ရိတ်သိမ်း​ရန်​အသင့်​ရှိ​လျက် ဝင်းမှည့်​နေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ