Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သူ သည် လက် သ မား မ ဟုတ် လော။ မာ ရိ သား မ ဟုတ် လော။ ယာ ကုပ်၊ ယော သေ၊ ယု ဒ၊ ရှိ မုန် တို့၏ အစ် ကို မ ဟုတ် လော။ နှ မ များ လည်း ငါ တို့ နှင့် အ တူ ဤ အ ရပ် တွင် ရှိ ကြ သည် မ ဟုတ် လော ဟု ဆို လျက် ကိုယ် တော့် အ တွက် တိုက် လဲ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သူ​သည် လက်သမား​မဟုတ်လော။ မာရိ​၏​သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ​နှင့် ရှိမုန်​တို့​၏​အစ်ကို မဟုတ်လော။ သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော” ဟု ပြောဆို​၍ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကာ မယုံကြည်ဘဲ​နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:3
21 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။


ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။


အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့်


ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။


ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။


လူ​တို့​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​ကို​တွေ့​လို​၍ အပြင်​၌​ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။


ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။


“ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့်‘ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​၏’​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။


သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။


ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။


ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။


ငါ​တို့​တွင် စား​သောက်​ရ​သော​အခွင့်​မ​ရှိ​သလော။


သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။


လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ