ထိုအခါ ဣဇက်က “အဖေ”ဟု မိမိဖခင်အာဗြဟံကိုခေါ်လျှင် အာဗြဟံက “ပြောပါ ငါ့သား”ဟု ပြန်ပြောလေ၏။ ဣဇက်ကလည်း “ကြည့်ပါ။ မီးရှိ၏။ ထင်းလည်းရှိ၏။ မီးရှို့ရာယဇ်အတွက် သိုးသငယ်ကား အဘယ်မှာရှိသနည်း”ဟု မေးလေ၏။
ရှင်ယောဟန် 1:36 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။ Common Language Bible သခင်ယေရှုကြွတော်မူသည်ကိုမြင် သဖြင့် ``ဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်လော့'' ဟုဆို၏။ Garrad Bible ကြွသွားတော်မူသောယေရှုကိုဖူးမြင်လျက် ရှုကြည့်ကြလော့။ ဘုရားသခင့်သိုးငယ်တော်တည်းဟု ဆိုသောစကားကို တပည့်နှစ်ယောက်တို့ကြား၍၊ Judson Bible ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကြွလာတော်မူသည်ကို ကြည့်ပြီးလျှင် ယောဟန်က “ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့” ဟု ဆို၏။ မြန်မာ ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။- |
ထိုအခါ ဣဇက်က “အဖေ”ဟု မိမိဖခင်အာဗြဟံကိုခေါ်လျှင် အာဗြဟံက “ပြောပါ ငါ့သား”ဟု ပြန်ပြောလေ၏။ ဣဇက်ကလည်း “ကြည့်ပါ။ မီးရှိ၏။ ထင်းလည်းရှိ၏။ မီးရှို့ရာယဇ်အတွက် သိုးသငယ်ကား အဘယ်မှာရှိသနည်း”ဟု မေးလေ၏။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။