ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
ရှင်မာကု 8:36 - မြန်မာ့စံမီသမ္မာကျမ်း လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ Common Language Bible လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။- Garrad Bible လူ သည် တစ် လော က လုံး ကို အ ပိုင် ရ၍ အ သက် ရှုံး လျှင် မည် သည့် အ ကျိုး နည်း။ Judson Bible လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မြန်မာ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- |
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
“ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။
အကြောင်းမူကား သူသေဆုံးသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည်မဟုတ်။ သူ၏ဘုန်းအသရေသည် သူ့နောက်လိုက်ပါဆင်းသွားလိမ့်မည်မဟုတ်။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင်၊ သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။