ရှင်ဘုရင်က “ယနေ့ ရှာဖတ်၏သား ဧလိရှဲ၏ခေါင်းသည် သူ့ကိုယ်နှင့်တွဲနေသေးလျှင် ဘုရားသခင်သည် ငါ့ကို ထိုထက်မကပြုတော်မူပါစေသော”ဟု မိန့်ဆိုလေ၏။
ရှင်မာကု 6:23 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။ Common Language Bible ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။ Garrad Bible ငါ့ နိုင် ငံ တစ် ဝက် တိုင် အောင် တောင်း လေ သ မျှ ကို ပေး မည် ဟု သ စ္စာ ထား လေ ၏။ Judson Bible တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်မင်းက “နိုင်ငံတစ်ဝက်တိုင်အောင် သင်တောင်းသမျှကို ငါပေးမည်” ဟု ကျိန်ဆိုလေ၏။ မြန်မာ တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- |
ရှင်ဘုရင်က “ယနေ့ ရှာဖတ်၏သား ဧလိရှဲ၏ခေါင်းသည် သူ့ကိုယ်နှင့်တွဲနေသေးလျှင် ဘုရားသခင်သည် ငါ့ကို ထိုထက်မကပြုတော်မူပါစေသော”ဟု မိန့်ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
စပျစ်ဝိုင်သောက်ချိန်တွင် ရှင်ဘုရင်က ဧသတာအား “သင်ဘာအလိုရှိသနည်း။ သင့်အားငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်ကိုပင် သင့်အား ငါပေးမည်”ဟု ဆို၏။
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
“သင်သည် ပျပ်ဝပ်လျက် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးတို့ကို သင့်အား ငါပေးမည်”ဟု လျှောက်လေ၏။
ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။