သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
ရှင်မာကု 5:26 - မြန်မာ့စံမီသမ္မာကျမ်း များစွာသောဆေးဆရာတို့ထံ၌ အလွန်ဝေဒနာခံစားရလျက် မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သည့်အကျိုးမျှမရှိသည်သာမက ရောဂါပို၍ဆိုးရွားလာသောအမျိုးသမီးတစ်ဦးသည် Common Language Bible များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။- Judson Bible များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဆရာဝန်အမြောက်အမြားထံ၌ ဝေဒနာပြင်းစွာ ခံစားလျက် ဥစ္စာရှိသမျှကို ပေး၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်အပြင် ပို၍ ဆိုးလာ၏။ မြန်မာ များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- |
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။
ဘေဘီလုံမြို့ကြီး ရုတ်ခြည်းပြိုလဲပျက်စီးသွားပြီ။ သူ့အတွက် ညည်းတွားငိုကြွေးကြလော့။ ဝေဒနာပျောက်ကောင်းပျောက်နိုင်မည်ဖြစ်၍ လိမ်းဆေးယူလာပေးကြလော့။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
ယေရှုအကြောင်းကိုကြား၍ “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု ဆိုလျက် လူထုပရိသတ်ကြားမှ ကိုယ်တော်၏နောက်တော်သို့လာပြီး ဝတ်ရုံတော်ကိုတို့ထိလေ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်