အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
ရှင်မာကု 4:22 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း မထင်ရှားလာမည့်အရာဟူ၍မရှိ။ Common Language Bible ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။- Garrad Bible ထင် ရှား စေ ရန် မှ တစ် ပါး ဝှက် ထား သော အ ရာ၊ ဖော် ပြ ရန် မှ တစ် ပါး ဖုံး ထား သော အ ရာ မ ရှိ ချေ။ Judson Bible ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရလိမ့်မည်။ လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာလိမ့်မည်။ မြန်မာ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။- |
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း ဖော်ပြခံရခြင်း၊ သို့မဟုတ် သိသာထင်ရှားလာခြင်းမရှိဘဲနေမည့်အရာဟူ၍မရှိ။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။