ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
ရှင်မာကု 3:16 - မြန်မာ့စံမီသမ္မာကျမ်း ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊ Common Language Bible ကိုယ်တော်ရွေးချယ်ခန့်ထားခြင်းခံရသည့်တစ် ကျိပ်နှစ်ပါးကား (ပေတရုဟုကိုယ်တော်မှည့် ခေါ်သူ) ရှိမုန်၊- Garrad Bible ပေ တ ရု အ မည် သစ် ဖြင့် သ မုတ် တော် မူ သော ရှိ မုန်၊ Judson Bible ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့၏ အမည်များမှာ ပေတရုဟု ယေရှုမှည့်ခေါ်ထားတော်မူသော ရှိမုန်၊ မြန်မာ ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- |
ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
မိုးလင်းသောအခါ တပည့်တော်များကိုခေါ်၍ ထိုသူတို့အထဲမှ တစ်ဆယ့်နှစ်ပါးတို့ကိုရွေးကောက်ပြီးလျှင် တမန်တော်ဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထိုသူတို့မှာ
သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍“သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက်ဟူ၍ဖြစ်၏။)
သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။
သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။
ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။