Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 မြို့ တွင်း သို့ ရောက် သော် တည်း ခို ရာ အ ထက် ခန်း သို့ တက် ကြ ၏။ ပြန် ရောက် သူ တို့ မှာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ်၊ အ န္ဒြေ၊ ဖိ လိ ပ္ပု၊ သော မ၊ ဗာ သော လ မဲ၊ မဿဲ၊ အာ လ ဖဲ သား ယာ ကုပ်၊ ဝံ သာ နု ရှိ မုန်၊ ယာ ကုပ် သား ယု ဒ တို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို​မြို့​သို့ ဝင်ကြ​သောအခါ သူတို့​သည် မိမိတို့ တည်းခိုနေသော​အိမ်​၏​အပေါ်ထပ်​အခန်း​သို့ တက်သွားကြ၏။ ထို​သူတို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ​ရှိမုန်၊ ယာကုပ်​၏​သား ယုဒ​တို့ ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:13
45 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။


ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်


တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။


ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ​လိုက်​ခွင့်ပြု​တော်​မ​မူ။


ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍


ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဒိဒုမု​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။


ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။


ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။


ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ်


ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။


သူ​တို့​ပြောဆို​ပြီး​သောအခါ ယာကုပ်​က “ညီအစ်ကို​တို့၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ။


ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။


ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။


ငါ​တို့​စုဝေး​ရာ​အထက်ခန်း​တွင် မီးခွက်​အမြောက်အမြား​ထွန်း​ထား​၏။


ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။


သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။


ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။


သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။


ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။


ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌​ငါ​ချစ်​သည့် ရွေးကောက်​ခံရ​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​နှင့် သူ​၏​သားသမီး​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ သင်​တို့​ကို ငါ​တစ်ဦးတည်း​သာ ချစ်​သည်​မ​ဟုတ်။ သမ္မာတရား​ကို​သိ​သော​သူ​အပေါင်း​တို့​သည်​လည်း သင်​တို့​ကို​ချစ်​ကြ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ