ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
ရှင်မာကု 3:11 - မြန်မာ့စံမီသမ္မာကျမ်း ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။ Common Language Bible ညစ်ညမ်းသောနတ်များသည်ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်၍ ``အရှင် သည်ဘုရားသခင်၏သားတော်ဖြစ်သည်'' ဟုဟစ်အော်ကြ၏။ Garrad Bible နတ် ဆိုး များ လည်း ကိုယ် တော် ကို မြင် သော် ပျပ် ဝပ်၍ ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် ကြ သ ဖြင့်၊ Judson Bible ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နတ်ဆိုးပူးသော သူတို့သည် ကိုယ်တော်ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်၌ ဝပ်တွားခယလျက် “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။ မြန်မာ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- |
ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
“သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် အောက်သို့ခုန်ချပါ။ အကြောင်းမှာ ‘ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့်ချီပင့်ကြလိမ့်မည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။
ထိုသူတို့က “ဘုရားသခင်၏သားတော်၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အချိန်မတန်မီ အကျွန်ုပ်တို့အားညှဉ်းဆဲရန် ဤနေရာသို့ကြွလာတော်မူသလော”ဟု အော်ဟစ်လျှောက်ထားကြ၏။
နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုလျှင် ဝက်အုပ်ထဲသို့ စေလွှတ်တော်မူပါ”ဟု ကိုယ်တော်အားတောင်းပန်ကြ၏။
နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။
သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
ဘုရားသခင်တစ်ဆူတည်းရှိကြောင်းကို သင်သည်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးတို့ပင် ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။