Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:11 - မြန်မာ

11 ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 နတ် ဆိုး များ လည်း ကိုယ် တော် ကို မြင် သော် ပျပ် ဝပ်၍ ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 နတ်ဆိုးပူးသော သူတို့​သည် ကိုယ်တော်​ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်​၌ ဝပ်တွားခယ​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:11
14 ပူးပေါင်းရင်းမြစ်များ  

လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပျပ်၍ လျှောက်​ကြ၏။


ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-


နတ်​ဆိုး​တို့​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​လျှင်၊ ထို​ဝက်​အ​စု​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​သော်၊-


ဘု​ရား​သ​ခင်​သား​တော်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​စ​ကို ဆို​ပေ​အံ့။-


နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။


ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ