အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
ရှင်မာကု 14:50 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်အားလုံးသည် ကိုယ်တော်ကိုထားခဲ့၍ ထွက်ပြေးကြ၏။ Common Language Bible ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ထွက်ပြေးကြ၏။ Garrad Bible ထို နောက် တ ပည့် တော် ရှိ သ မျှ တို့ သည် ကိုယ် တော် ကို စွန့် ပစ်၍ ထွက် ပြေး ကြ ရာ၊ Judson Bible ကျမ်းစာပြည့်စုံမည် အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။ မြန်မာ ကျမ်းစာပြည့်စုံမည် အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။- |
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။
ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက်ကြလိမ့်မည်။
ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။
လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကိုဖမ်းဆီးကြ၏။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ယေရှုကလည်း“ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ”ဟု ပြန်၍မိန့်တော်မူ၏။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။