အဗရှလုံက ဟုရှဲအား “သင့်မိတ်ဆွေကို မေတ္တာထားသည်ဆိုသည်မှာ ဤသို့လော။ အဘယ်ကြောင့် သင့်မိတ်ဆွေနှင့်အတူ မလိုက်သနည်း”ဟု မေးလျှင်
ရှင်မာကု 14:37 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။ Common Language Bible ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။- Garrad Bible ပြန် ကြွ သော် တ ပည့် တော် တို့ အိပ် နေ ကြ သည် ကို တွေ့၍ ပေ တ ရု အား အို ရှိ မုန်၊ အိပ် နေ သ လော၊ တစ် နာ ရီ မျှ မ စောင့် နိုင် လော။ Judson Bible ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တစ်နာရီခန့်မျှ စောင့်နေခြင်းငှာ မစွမ်းနိုင်သလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့ထံသို့ ပြန်ကြွသောအခါ သူတို့သည် အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူသဖြင့် ပေတရုအား “ရှိမုန်… သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှပင် သတိနှင့် မစောင့်နိုင်သလော။ မြန်မာ ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တစ်နာရီခန့်မျှ စောင့်နေခြင်းငှာ မစွမ်းနိုင်သလော။- |
အဗရှလုံက ဟုရှဲအား “သင့်မိတ်ဆွေကို မေတ္တာထားသည်ဆိုသည်မှာ ဤသို့လော။ အဘယ်ကြောင့် သင့်မိတ်ဆွေနှင့်အတူ မလိုက်သနည်း”ဟု မေးလျှင်
သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
သတို့သားသည် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။
ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“သင်တို့သည် တစ်နာရီမျှ ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။
“အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။