ထိုအခါ ဖာရောမင်းကြီးက သူ့အား “ငါနှင့်နေရသည်မှာ မည်သည့်လိုအပ်ချက်ရှိ၍ ကိုယ့်ပြည်ကိုပြန်ချင်ရသနည်း”ဟု မေးသော်လည်း သူက “ဘာမျှမရှိပါ။ အကျွန်ုပ်ကို ပြန်ခွင့်ပြုပါ”ဟုသာ တောင်းဆို၏။
ရှင်မာကု 14:31 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်အတွက်သေရလျှင်ပင် ကိုယ်တော်ကိုလုံးဝမငြင်းပယ်ပါ”ဟု အခိုင်အမာလျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ Common Language Bible သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။ အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။ Garrad Bible ပေ တ ရု က တ ပည့် တော် သည် ကိုယ် တော် နှင့် အ တူ သေ ရ မည် ဖြစ် စေ၊ ငြင်း ဆို မည် မ ဟုတ် ပါ ဟု အ ထူး လျှောက် ဆို၏။ ရှိ သ မျှ တို့ လည်း ထို နည်း တူ လျှောက် ဆို ကြ ၏။ Judson Bible ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု အလေးအနက်လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ မြန်မာ ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ |
ထိုအခါ ဖာရောမင်းကြီးက သူ့အား “ငါနှင့်နေရသည်မှာ မည်သည့်လိုအပ်ချက်ရှိ၍ ကိုယ့်ပြည်ကိုပြန်ချင်ရသနည်း”ဟု မေးသော်လည်း သူက “ဘာမျှမရှိပါ။ အကျွန်ုပ်ကို ပြန်ခွင့်ပြုပါ”ဟုသာ တောင်းဆို၏။
ဟာဇေလကလည်း ဧလိရှဲအား “ခွေးမျှသာအဆင့်ရှိသော အရှင့်အစေအပါးအကျွန်ုပ်က ဤအမှုကြီးကို အဘယ်သို့ပြုနိုင်ပါမည်နည်း”ဟု ပြန်လျှောက်လျှင် ဧလိရှဲက သူ့အား “သင်သည် ဆီးရီးယားဘုရင် ဖြစ်လာမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆို၏။
“ငါသည် မည်သည့်အခါမျှ တုန်လှုပ်မည်မဟုတ်”ဟု ငါ၌လုံခြုံစိတ်ချမှုရှိစဉ်အခါက ငါပြောဆိုခဲ့၏။
လူအပေါင်းတို့က “ထာဝရဘုရားမိန့်ဆိုတော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်”ဟု တညီတညွတ်တည်းပြန်ဖြေကြ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ပြန်လျှောက်လေ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ငြင်းပယ်မည်။
သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က“ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။
ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။