ဟာလေလုယ။ ထာဝရဘုရားကို ကောင်းကင်ပေါ်မှ ချီးမွမ်းကြလော့။ ကိုယ်တော်ကို မြင့်မြတ်သောအရပ်၌ ချီးမွမ်းကြလော့။
ရှင်မာကု 11:10 - မြန်မာ့စံမီသမ္မာကျမ်း ပေါ်ထွန်းတော့မည့် ငါတို့အဖဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။ Common Language Bible တည်လတ္တံ့သောငါတို့အဖဒါဝိဒ်၏နိုင်ငံတော် သည်မင်္ဂလာရှိစေသတည်း။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြစေသတည်း'' ဟု ကြွေးကြော်ကြ၏။ Garrad Bible ငါ တို့ အ ဘ ဒါ ဝိဒ် မင်း၏ တည် လ တ္တံ့ သော နိုင် ငံ တော် လည်း မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘ ဝဂ် ဝယ် အောင် သံ ပေး ကြ ပါ စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။ Judson Bible ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။ မြန်မာ ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- |
ဟာလေလုယ။ ထာဝရဘုရားကို ကောင်းကင်ပေါ်မှ ချီးမွမ်းကြလော့။ ကိုယ်တော်ကို မြင့်မြတ်သောအရပ်၌ ချီးမွမ်းကြလော့။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
“အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။