ရှင်မာကု 10:47 - မြန်မာ့စံမီသမ္မာကျမ်း နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။ Common Language Bible သူသည်နာဇရက်မြို့သားယေရှုရောက်ရှိတော် မူကြောင်းကိုကြာသိရသောအခါ ``ဒါဝိဒ်၏ သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူ ပါ'' ဟုဟစ်အော်လေ၏။ Garrad Bible နာ ဇ ရက် မြို့ သား ယေ ရှု ဖြစ် ကြောင်း ကို ကြား သော် ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊ Judson Bible နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နာဇရက်မြို့သားယေရှု ရောက်ရှိတော်မူကြောင်းကို ကြားသောအခါ ဗာတိမဲက “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ မြန်မာ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- |
အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား
ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။
ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင်
နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
အချို့တို့ကလည်း “ဤသူသည် ခရစ်တော်ဖြစ်သည်”ဟု ဆိုကြ၏။ သို့ရာတွင် အချို့တို့က “ခရစ်တော်သည် ဂါလိလဲနယ်မှပေါ်ထွန်းပါမည်လော။
သူတို့က “သင်သည်လည်း ဂါလိလဲနယ်သားဖြစ်သလော။ ဂါလိလဲနယ်မှ ပရောဖက် မပေါ်ထွန်းကြောင်းကို စူးစမ်းလေ့လာ၍ သိမှတ်လော့”ဟု ဆိုကြ၏။
အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။
ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”