Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:47 - မြန်မာ

47 နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

47 သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

47 နာ ဇ ရက် မြို့ သား ယေ ရှု ဖြစ် ကြောင်း ကို ကြား သော် ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 နာဇရက်​မြို့သား​ယေရှု​ဖြစ်​ကြောင်း သူ​ကြားသိ​လျှင် “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

47 နာဇရက်မြို့သား​ယေရှု ရောက်ရှိတော်မူကြောင်း​ကို ကြား​သောအခါ ဗာတိမဲ​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု… အကျွန်ုပ်​ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:47
24 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊-


လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။-


ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။-


ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။-


ယေ​ရှု​သည် ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း​နား​မှာ​ထိုင်​နေ​သော လူ​ကန်း​နှစ်​ယောက်​တို့​သည် ကြား​ရ​လျှင် ဒါ​ဝိဒ်၏​သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။


လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။


ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-


ထို​နောက် ပေ​တ​ရု​သည် အိမ်​ဦး​ရှေ့​သို့ ထွက်​ပြီး​မှ အ​ခြား​သော​မိန်း​မ​သည် သူ့​ကို​မြင်၍ ထို​အ​ရပ်၌​ရှိ​သော သူ​တို့​အား၊ ဤ​သူ​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ ဖြစ်​သည်​ဟု ဆို​လျှင်၊-


ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။-


ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-


ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-


နာ​သ​နေ​လ​က​လည်း၊ နာ​ဇ​ရက်​မြို့​ထဲ​က ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ ထွက်​နိုင်​သ​လော​ဟု​မေး​လျှင်၊ ဖိ​လိ​ပ္ပု​က၊ လာ၍​ကြည့်​ပါ​ဟု ဆို၏။-


ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။-


အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။-


သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ