ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍ သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
ရောမ 8:22 - မြန်မာ့စံမီသမ္မာကျမ်း ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ Common Language Bible အဖန်ဆင်းခံကမ္ဘာလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့ပြင်းပြသော ဝေဒနာဖြင့် ယခုအချိန်တိုင်အောင်ညည်း တွားလျက်ရှိကြောင်းငါတို့သိကြ၏။- Garrad Bible ငါ တို့ သိ ကြ သည့် အ တိုင်း ဖန် ဆင်း တော် မူ သ မျှ သည် ယ ခု တိုင် အောင် တစ် ညီ တစ် ညွတ် တည်း ညည်း တွား လျက် ဝေ ဒ နာ ခံ စား လျက် နေ ရ သည့် ပြင်၊ Judson Bible ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖန်ဆင်းခံလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့သော ဝေဒနာဖြင့် ယခုတိုင်အောင် ညည်းတွားနေသည်ကို ကျွန်ုပ်တို့သိကြ၏။ |
ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍ သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
သူတို့သည် ငါ့လယ်မြေကို လူသူကင်းမဲ့ရာဖြစ်စေပြီ။ လူသူကင်းမဲ့သောလယ်မြေသည် ငါ့အား ငိုကြွေးမြည်တမ်းပြပြီ။ မည်သူမျှအလေးမထားကြသောကြောင့် ပြည်တစ်ပြည်လုံးပျက်စီးသွားလေပြီ။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
သင်တို့သည် သင်တို့ပြည်၌ နေထိုင်ကြစဉ် ဥပုသ်နေ့တွင် ငြိမ်ဝပ်စွာမနေရသော သင်တို့ပြည်သည် လူသူကင်းမဲ့သောကာလပတ်လုံး ငြိမ်ဝပ်စွာနေရလိမ့်မည်။
ထို့နောက် ကိုယ်တော်က“ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်မွေးဖွားသည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ထိုအမျိုးသမီးသည် ကိုယ်ဝန်ဆောင်၍ သားဖွားခြင်းဝေဒနာကြောင့် အော်ဟစ်လျက် သားဖွားရန်မချိမဆံ့ခံစားနေ၏။