ဝတ်ပြု 26:35 - မြန်မာ့စံမီသမ္မာကျမ်း35 သင်တို့သည် သင်တို့ပြည်၌ နေထိုင်ကြစဉ် ဥပုသ်နေ့တွင် ငြိမ်ဝပ်စွာမနေရသော သင်တို့ပြည်သည် လူသူကင်းမဲ့သောကာလပတ်လုံး ငြိမ်ဝပ်စွာနေရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible35 သင် တို့ နေ ကြ သည့် အ တွင်း ဥ ပုသ် များ၌ မ ရ သော နား နေ ခွင့် ကို ဖုန်း ဆိုး ကုန်း ဖြစ် သ မျှ ကာ လ ပတ် လုံး ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible35 လူဆိတ်ညံလျက်နေရသောကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်သည်မငြိမ်မဝပ်ရ။ အခန်းကိုကြည့်ပါ။ |
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။