တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
ရောမ 7:24 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ Common Language Bible သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။- Garrad Bible ဪ ဒု က္ခ ပါ တ ကား။ သေ ခြင်း ဆိုင် ရာ ဤ ခ န္ဓာ မှ ငါ့ ကို မည် သူ ကယ် နုတ် ပါ အံ့ နည်း။ Judson Bible ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။ |
တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
ဤသည်ကား အချုပ်အနှောင်ခံရသောသူတို့၏ ညည်းတွားသံကို နားထောင်ရန်နှင့် သေဘေးရင်ဆိုင်နေရသောသူတို့ကို လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဖြစ်ပြီး
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တအားကြီးသဖြင့် ပါးစပ်ဟလျက် မောဟိုက်နေပါ၏။
ဘေးရန်နှင့်ကျပ်တည်းမှုတို့သည် အကျွန်ုပ်အပေါ်သို့ကျရောက်ကြသော်လည်း ကိုယ်တော်၏ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ကြပါ၏။
အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့လမ်းလွဲပါပြီ။ ကိုယ်တော်၏အစေအပါးကို ရှာတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကိုမမေ့လျော့ပါ။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။
အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။
အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
“ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။
အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့ သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊
ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။
သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။