ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။
ရောမ 6:6 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။ Common Language Bible ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။- Judson Bible ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ဘဝတွင် အပြစ်တရား၏ ကြီးစိုးခြင်းကို ဖျက်ဆီးရန်အတွက် အပြစ်ရှိသော ကျွန်ုပ်တို့၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန် မဟုတ်တော့ပေ။ |
ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။
အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော့်အပြင် အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပြီ။ သို့သော် ကိုယ်တော်၏နာမတော်ကိုသာ အကျွန်ုပ်တို့အောက်မေ့ကြပါ၏။
ထို့ကြောင့် ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရန် သင်တို့၏သေတတ်သောကိုယ်ခန္ဓာကို အပြစ်အား မစိုးမိုးစေကြနှင့်။
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။