၄ ရာ 5:17 - မြန်မာ့စံမီသမ္မာကျမ်း
17 ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 သို့ဖြစ်၍နေမန်က``အကျွန်ုပ်ပေးလှူသောလက် ဆောင်ကိုအရှင်လက်မခံပါမူ လားနှစ်စီးတင် မြေကိုအကျွန်ုပ်၏နေရင်းပြည်သို့ယူဆောင် သွားခွင့်ပြုတော်မူပါ။ အဘယ်ကြောင့်ဆိုသော်ယခုမှစ၍အကျွန်ုပ် သည် ဘုရားသခင်မှတစ်ပါးအခြားအဘယ် ဘုရားကိုမျှ မီးရှို့ရာယဇ်သို့မဟုတ်အခြား အဘယ်ယဇ်ကိုမျှပူဇော်တော့မည်မဟုတ် သောကြောင့်ဖြစ်ပါ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
17 နေ မန် က လည်း၊ သို့ ဖြစ် လျှင် ကျွန် တော် မျိုး အား လား နှစ် စီး တင် မြေ ကို ပေး သ နား တော် မူ ပါ။ ထာ ဝ ရ ဘု ရား မှ တစ် ပါး အ ခြား ဘု ရား အား မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် တော့ မည် မ ဟုတ် ပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန်သည် မြည်းနှစ်စီးနှင့်တင်၍ မြေအနည်းငယ်ကို ယူပါရစေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန် မပူဇော်ပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ