သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
ရောမ 5:18 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကျူးလွန်သောအပြစ်တစ်ခုကြောင့် ပြစ်ဒဏ်စီရင်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာသကဲ့သို့ ဖြောင့်မတ်သောအကျင့်တစ်ခုကြောင့် အသက်နှင့်ဆိုင်သောဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာ၏။ Common Language Bible သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။- Garrad Bible သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ Judson Bible ထိုကြောင့်၊ တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ အာဒံ၏ အပြစ်တစ်ခုကြောင့် လူအပေါင်းတို့သည် ပြစ်ဒဏ်ချမှတ်ခံရသကဲ့သို့ ခရစ်တော်၏ ဖြောင့်မတ်ခြင်းတစ်ခုကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်ကိုရကြ၏။ |
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကို ငါ့ထံသို့ဆွဲငင်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ယောဟန်ထံသို့လာ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရဗ္ဗိနှင့်အတူရှိ၍ ရဗ္ဗိက သက်သေခံပေးခဲ့သူသည် ဗတ္တိဇံပေးလျက်နေသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့သွားကြပါသည်”ဟု လျှောက်လေ၏။
ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။
သခင်ယေရှုသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် အပ်နှံခြင်းကိုခံရပြီး ငါတို့ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရရန်အတွက် ထမြောက်တော်မူ၏။
ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
တစ်နည်းဆိုသော် လူတစ်ယောက်၏မနာခံမှုကြောင့် များစွာသောလူတို့သည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံရကြသည့်နည်းတူ တစ်ယောက်သောသူ၏နာခံမှုကြောင့် များစွာသောလူတို့သည် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။
အကြောင်းမူကား လူအပေါင်းတို့သည် အာဒံအားဖြင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်စေခြင်းကိုခံကြရလိမ့်မည်။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။