ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ရောမ 5:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။ Common Language Bible ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။- Garrad Bible ၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။ Judson Bible ထိုမှတစ်ပါး၊ လူတစ်ယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား၊ တရားစီရင်သောအရာမှာ၊ အပြစ်တစ်ခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးသည် အာဒံကျူးလွန်သောအပြစ်၏ရလဒ်နှင့် အလွန်ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် အာဒံ၏အပြစ်သည် ပြစ်ဒဏ်ကိုသာ ကျခံစေပြီး ဘုရားသခင်ပေးသော ဆုကျေးဇူးမှာမူ ကျွန်ုပ်တို့၌ အပြစ်များစွာရှိသော်လည်း ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြောင်းသတ်မှတ်ခံရစေသောကြောင့်ဖြစ်၏။ |
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
သင်တို့သည် သူတစ်ပါးကျူးလွန်သောအပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့အဖသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။