အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ရောမ 4:3 - မြန်မာ့စံမီသမ္မာကျမ်း ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။ Common Language Bible ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။- Garrad Bible ကျမ်း ချက် အ ဆို မှာ အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ ၍ တည်း။ Judson Bible ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။ |
အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ထိုအမှုကြောင့် သူသည် မျိုးဆက်အစဉ်အဆက် အစဉ်အမြဲဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရ၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။
ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
သို့ရာတွင် လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကို ယုံကြည်သောသူအတွက်မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော၊ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ
အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။
ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်၏။ အာဗြဟံသည်လည်း ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်ခြင်းကိုခံရ၏။
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။