အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ရောမ 4:20 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ကတိတော်အပေါ်၌ ယုံမှားသံသယမရှိဘဲ ယုံကြည်ခြင်းအားကြီးလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ Common Language Bible သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။- Garrad Bible ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊ Judson Bible ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယမဖြစ်ပေ။ ယုံကြည်ခြင်းသာ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ |
အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ထိုစဉ်က တပ်မှူးသည် ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောခဲ့၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။
သူသည် ပဋိညာဉ်ချိုးဖောက်သောသူတို့ကို မြှောက်ပင့်ပြောဆို၍ ဖျက်ဆီးလိမ့်မည်။ မိမိဘုရားသခင်ကိုသိကျွမ်းသောသူတို့မူကား သူ့အား ရဲရင့်စွာတန်ပြန်တိုက်ခိုက်လိမ့်မည်။
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဗိမာန်တော်ဖြစ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချသောနေ့၌ ပရောဖက်တို့နှုတ်မှ ဆင့်ဆိုခဲ့သောစကားများကို ယခုကာလ၌ကြားရသောသူတို့၊ သင်တို့လက်ကို ကြံ့ခိုင်စေကြလော့။
ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။