မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ရောမ 16:2 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။ Common Language Bible သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။ Garrad Bible တ ပည့် တော် တို့ နှင့် ထိုက် လျော သည့် အ လျောက်၊ အ ရှင် ဘု ရား ကို ထောက်၍ လက် ခံ ပြီး လျှင်၊ လို အပ် သ မျှ အ တိုင်း ပြု စု ကြ လော့။ သူ သည် အ များ တို့ မှ စ သော ငါ့ ကို ပင် ပြု စု ခဲ့ လေ ပြီ။ Judson Bible သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်သူတို့ပြုအပ်သည့်အတိုင်း သခင်ဘုရားကိုထောက်၍ သူ့ကို ကြိုဆိုကြလော့။ သူလိုအပ်သမျှကို ကူညီကြလော့။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာနှင့် ကျွန်ုပ်ကိုလည်း ကူညီခဲ့သူဖြစ်၏။ |
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
ပေတရုသည် လက်ကမ်းပေး၍ သူ့ကိုဆွဲထူပြီးလျှင် သန့်ရှင်းသူတို့နှင့်မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသောတဗိသကို ပြလေ၏။
ခရစ်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်အတွက် သင်တို့ကိုလက်ခံသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးလက်ခံကြလော့။
ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
တရားနှင့်မညီမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်းနှင့် လောဘလွန်ကျူးခြင်းတို့ကို သန့်ရှင်းသူများရှောင်သင့်သည့်အတိုင်း သင်တို့ထဲတွင် စကားဖြင့်ပင် မပြောကြနှင့်။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
ထိုနေ့ရက်၌ သခင်ဘုရားထံတော်မှ ကရုဏာတော်ခံစားရသောအခွင့်ကို သခင်ဘုရားသည် သူ့အားပေးတော်မူပါစေသော။ ဧဖက်မြို့၌ရှိစဉ်ကလည်း သူသည် ငါ့ကို မည်မျှလုပ်ကျွေးပြုစုခဲ့သည်ကို သင်ကောင်းစွာသိ၏။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဓမ္မဝတ်နှင့်ထိုက်တန်သောသူများကဲ့သို့ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။
သို့ဖြစ်၍ သင်သည် ငါ့ကို လုပ်ဖော်ဆောင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုလက်ခံသကဲ့သို့ သူ့ကိုလက်ခံပါလော့။
ဤသွန်သင်ချက်မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို အိမ်၌လက်မခံကြနှင့်။ နှုတ်ခွန်းလည်းမဆက်ကြနှင့်။