သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
ရောမ 16:17 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။- Garrad Bible အို ညီ အစ် ကို တို့ သင် တို့ သင် ကြား ခဲ့ သော ဒေ သ နာ နှင့် ဆန့် ကျင် လျက်၊ ကွဲ ပြား ခြင်း၊ တိုက် လဲ ခြင်း အ ကြောင်း ဖြစ် ပွား စေ သူ တို့ ကို မှတ်၍ လွဲ ရှောင် ကြ စေ ရန် ငါ နှိုး ဆော် ပါ၏။ Judson Bible ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ |
သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား“မှားယွင်းစေသောအရာများသည် ဧကန်မုချသက်ရောက်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
ပထမအနေဖြင့် သင်တို့သည် အသင်းတော်၌စုဝေးကြသောအခါ သင်တို့တွင် ကွဲပြားမှုများရှိသည်ဟု ငါကြားရ၍ ၎င်းကို တစ်စိတ်တစ်ဒေသ ငါယုံ၏။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
ဤသို့ဆိုရခြင်းမှာ လျှို့ဝှက်စွာဝင်လာသော ညီအစ်ကိုအတုအယောင်များရှိကြသောကြောင့်ဖြစ်၏။ ထိုသူတို့သည် ငါတို့ကို ကျွန်ခံစေလို၍ ခရစ်တော်ယေရှုအားဖြင့် ငါတို့ရရှိသော ငါတို့၏လွတ်လပ်ခြင်းကိုစုံစမ်းရန် ဝင်ရောက်လာကြ၏။
ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
မာကေဒေါနိပြည်သို့သွားစဉ်က သင့်ကို ငါတိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း သင်သည် ဧဖက်မြို့၌နေရစ်၍ လူအချို့တို့အား ခြားနားသောဩဝါဒကို မသွန်သင်ကြရန်လည်းကောင်း၊
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။