ရောမ 16:17 - Common Language Bible17 ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible17 အို ညီ အစ် ကို တို့ သင် တို့ သင် ကြား ခဲ့ သော ဒေ သ နာ နှင့် ဆန့် ကျင် လျက်၊ ကွဲ ပြား ခြင်း၊ တိုက် လဲ ခြင်း အ ကြောင်း ဖြစ် ပွား စေ သူ တို့ ကို မှတ်၍ လွဲ ရှောင် ကြ စေ ရန် ငါ နှိုး ဆော် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ အခန်းကိုကြည့်ပါ။ |
မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။