အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍ ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။
ရောမ 15:8 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့် Common Language Bible ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။- Garrad Bible ထို သို့ ဆို သော် ဘု ရား သ ခင့် သ စ္စာ တော် ကို ထောက်၍ ခ ရစ် တော် သည် ဘိုး ဘေး တို့ အား ထား တော် မူ ခဲ့ သော က တိ တော် များ ကို အ တည် ပြု ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ က ရု ဏာ တော် အ တွက် ဘုန်း တော် ကို လူ မျိုး ခြား တို့ ချီး မြှောက် ခွင့် ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ဆိုင် ရာ အ မှု တော် ဆောင် ဖြစ် တော် မူ၏။ ထို အ တိုင်း ပင် ကိုယ် တော်၏ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည် ဟူ၍ လည်း ကောင်း၊ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ဂျူးလူမျိုးတို့၏ အစေခံအဖြစ် ကြွလာရခြင်းမှာ ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသောကတိကို တည်တော်မူသောအရှင်ဖြစ်ကြောင်း ပြသရန် ဖြစ်၏။ |
အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍ ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
ကိုယ်တော်ကလည်း“ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏”ဟု ပြန်၍မိန့်တော်မူ၏။
ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
သင်တို့သည် တစ်ချိန်က ဘုရားသခင်ကိုမနာခံခဲ့ကြသော်လည်း ယခုအခါ ထိုသူတို့၏မနာခံမှုကြောင့် ကရုဏာတော်ကိုခံစားရကြသကဲ့သို့
ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။
ထိုသို့ဆိုလျှင် သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း။ ဘုရားသခင်၏သစ္စာတော်သည် သူတို့၏မယုံကြည်မှုကြောင့် ပျက်ပြယ်သွားမည်လော။
ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။
သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။
သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည်၊ သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။
အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။
ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။
အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။