Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 8:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အဘယ်ကြောင့်​ဆိုသော် ငါ​၏​နှုတ်​သည် သမ္မာတရား​ကို​ပြောဆို​၍ ငါ​၏​နှုတ်ခမ်း​သည် ဆိုးယုတ်မှု​ကို​စက်ဆုပ်ရွံရှာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သ မ္မာ တ ရား ကို သာ ငါ မြွက် ဆို၍၊ ဆိုး သွမ်း ခြင်း ကား၊ ငါ့ နှုတ် ခမ်း တွင် ရွံ ရှာ ဖွယ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငါ့​နှုတ်​ထွက်​စ​ကား​သည် သ​မ္မာ​တ​ရား​နှင့်​သာ​ဆိုင်၍၊ ငါ့​နှုတ်​ခမ်း​တို့​သည် ဒု​စ​ရိုက်​ကို​စက်​ဆုပ်​ရွံ​ရှာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 8:7
13 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အကျွန်ုပ်​သည် မုသား​စကား​ကို မ​ပြော​။ အသိပညာ​နှင့်​ပြည့်စုံ​သော​သူ​သည် သင်​နှင့်အတူ​ရှိ​၏​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။ သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။


မုသား​နှုတ်ခမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သစ္စာရှိ​စွာ​ပြုကျင့်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် တည်မြဲ​သည်​ဖြစ်၍ ရှင်ဘုရင်​တို့​သည် ဆိုးယုတ်​သော​အမှု​ပြု​ရ​မည်​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။


ဖြောင့်မတ်​သော​သူ​သည် မတရား​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။


အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။


ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော်လည်း ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​၏။ အကြောင်းမူကား ငါ​သည် မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူကား ငါ​မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။


တစ်ဖန် ငါ​ဆို​သည်​ကား ခရစ်တော်​သည် ဘုရားသခင်​၏​သမ္မာတရား​ကို​ထင်ရှား​စေရန် အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အစေခံ​ဖြစ်​တော်မူ​၏။ ထိုသို့​ဖြစ်​တော်မူ​ခြင်းမှာ ရှေး​ဘိုးဘေး​တို့​အား ပေး​ထား​သော​ကတိ​တော်​တို့​ကို တည်မြဲ​စေရန်​နှင့်


လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ