အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 15:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။

Common Language Bible

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။

Garrad Bible

မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။



ရော​မ 15:13
21 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။


အို အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ကယ်တင်​ရာ​ဖြစ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​တို့​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့​ဖြစ်​ရ​သနည်း​၊ အဘယ်ကြောင့် တစ်ညသာ​လာရောက်​တည်းခို​သွား​သော ခရီးသွား​ဧည့်သည်​ကဲ့သို့​ဖြစ်​ရ​သနည်း​။


ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။


သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။


ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။


မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။


အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။


နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။


သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​၏​ဘုန်း​တော်​ကို တစ်သံတည်း​ဖြင့် တညီတညွတ်တည်း​ချီးမွမ်း​နိုင်​ရန် သည်းခံ​ခြင်း​နှင့်​နှစ်သိမ့်​ခြင်း​တို့​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အား ခရစ်တော်​ယေရှု​၏​အလို​တော်​အတိုင်း အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​နိုင်​သော​အခွင့်​ကို ပေး​တော်မူ​ပါစေသော။


ငါ​၏​စကား​နှင့် ငါ​၏​ဟောပြော​ချက်​တို့​သည်​လည်း ဆွဲဆောင်​မှု​ရှိ​သည့် ဉာဏ်ပညာ​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​နှင့် တန်ခိုး​တော်​တို့​၏​သက်သေ​အထောက်အထား​အားဖြင့်​ဖြစ်​၏။


သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်


သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။


သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


ထိုအခါ ဟန္န​က “​သခင့်​ကျွန်မ​သည် သခင့်​ရှေ့​၌​မျက်နှာရ​ပါစေသော​”​ဟု ဆို​ပြီး သူ​သည် ထွက်သွား​၍ စားသောက်​လေ​၏​။ သူ​၏​မျက်နှာ​သည်​လည်း ယခင်က​ကဲ့သို့ မ​ညှိုး​တော့​ပေ​။