သို့သော် သင်တို့ လမ်းလွဲလေပြီ။ သင်တို့၏သွန်သင်ချက်များဖြင့် လူအများကို ခလုတ်တိုက်လဲကျစေပြီ။ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သင်တို့ ချိုးဖောက်လေပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရောမ 14:21 - မြန်မာ့စံမီသမ္မာကျမ်း အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။ Common Language Bible အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။- Garrad Bible အ သား စား ခြင်း၊ စ ပျစ် ရည် သောက် ခြင်း စ သော သင့် ညီ အစ် ကို ကို တိုက် လဲ စေ ရန် မည် သည် ကို မျှ မ ပြု ဘဲ နေ သင့်၏။ Judson Bible အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အသားစားခြင်း၊ စပျစ်ဝိုင်သောက်ခြင်းစသော သင်၏ ညီအစ်ကိုမောင်နှမတစ်ဦးဦး တိုက်မိ၍လဲစရာဖြစ်စေမည့် အရာမှန်သမျှကို ရှောင်သင့်၏။ |
သို့သော် သင်တို့ လမ်းလွဲလေပြီ။ သင်တို့၏သွန်သင်ချက်များဖြင့် လူအများကို ခလုတ်တိုက်လဲကျစေပြီ။ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သင်တို့ ချိုးဖောက်လေပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။
မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။