ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
ရောမ 14:19 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။ Common Language Bible သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။- Garrad Bible ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။ Judson Bible ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်း တည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။ |
ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့် အရသာပြန်ရှိစေမည်နည်း။ သင်တို့သည် မိမိကိုယ်တိုင်၌ ဆားရှိစေ၍ အချင်းချင်းသင့်မြတ်စွာနေကြလော့”ဟု မိန့်တော်မူ၏။
ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။
ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။ ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။
ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။
ငါတို့သည် သင်တို့ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုနေကြသည်ဟု တစ်ချိန်လုံး သင်တို့ထင်မှတ်နေကြသလော။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ပြောဆိုနေကြ၏။ ချစ်ရသောသူတို့၊ အရာအားလုံးသည် သင်တို့၏တည်ဆောက်စရာအတွက်ဖြစ်၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
ဒဏ္ဍာရီများနှင့် မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြရန်လည်းကောင်း ညွှန်ကြားလော့။ ထိုအရာတို့သည် ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများကိုသာဖြစ်စေ၏။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။