၁ ကော 10:23 - မြန်မာ့စံမီသမ္မာကျမ်း23 ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။ ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible23 ``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible23 အ နည်း နည်း ကို ပြု ခွင့် ရှိ သည် မှန် သော် လည်း အ နည်း နည်း ကြောင့် အ ကျိုး ဖြစ် ထွန်း သည် မ ဟုတ်။ အ နည်း နည်း ကို ပြု ခွင့် ရှိ သော် လည်း အ နည်း နည်း ကြောင့် ဆောက် တည် ရ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible23 ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။