အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 14:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။

အခန်းကိုကြည့်ပါ။



ရော​မ 14:17
38 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​ခြင်း​၏​အကျိုး​သည် ငြိမ်သက်​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​ခြင်း​၏​ရလဒ်​သည် ထာဝရ​ငြိမ်းချမ်း​ခြင်း​၊ ထာဝရ​လုံခြုံ​ခြင်း​ဖြစ်​၏​။


“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။


သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။


“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။


ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။


ကိုယ်တော်​နှင့်အတူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စကား​တော်​တို့​ကို​ကြား​လျှင် “ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်​ပွဲ​၌​ပါဝင်​ရ​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု လျှောက်​လေ​၏။


သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။


တပည့်​တော်​တို့​သည်​လည်း ဝမ်းမြောက်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက်​ရှိ​ကြ​၏။


ဤသို့ဖြင့် ယုဒ​နယ်၊ ဂါလိလဲ​နယ်​နှင့် ရှမာရိ​နယ်​တစ်လျှောက်လုံး​၌ အသင်းတော်​သည် ငြိမ်းချမ်း​မှု​ကို​ရရှိ​၍ တည်ဆောက်​မြှင့်တင်​ခြင်း​ခံရ​ကာ သခင်​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တိုက်တွန်း​အားပေး​ခြင်း​၌​လည်းကောင်း လျှောက်လှမ်း​လျက် တိုးပွား​လေ​၏။


သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။


သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။


သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စကား​၌​မ​တည်​ဘဲ တန်ခိုး​၌​တည်​၏။


သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊


အစားအစာ​သည် ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်နှာရ​စေ​လိမ့်မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အရှုံး​မ​ရှိ။ စား​လျှင်​လည်း အမြတ်​မ​ရ။


ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။


သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။


ထိုအခါ လူ​တို့​၏​နားလည်​နိုင်​စွမ်း​ရှိသမျှ​တို့​ထက် ထူးမြတ်​သော​ဘုရားသခင်​၏​ငြိမ်သက်​ခြင်း​သည် ခရစ်တော်​ယေရှု​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​နှင့် သင်​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို စောင့်ရှောက်​တော်မူ​လိမ့်မည်။


ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်


သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။


မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။


ထူးခြား​သော​သွန်သင်​ချက်​အမျိုးမျိုး​နောက်​သို့ လိုက်ပါ​မ​သွား​ကြ​နှင့်။ အကြောင်းမူကား စားစရာ​အားဖြင့်​မ​ဟုတ်​ဘဲ ကျေးဇူး​တော်​အားဖြင့် စိတ်နှလုံး​ကို​တည်မြဲ​စေ​ခြင်း​သည် ကောင်းမြတ်​ပေ​၏။ စားစရာ​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​သည် အကျိုး​ကို​မ​ရရှိ​ကြ​ပေ။


သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။