အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 14:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျမ်း​စာ​တော်​တွင်၊ ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' ဟူ​၍​ဆို​သည်။-

အခန်းကိုကြည့်ပါ။

Judson Bible

ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျမ်းစာ​၌ “ထာဝရဘုရား မိန့်တော်မူသည်​မှာ ‘ငါ​သည် အသက်ရှင်သော​ဘုရား ဖြစ်သည့်​အတိုင်း လူတိုင်း ငါ့​ရှေ့​၌ ဒူးထောက်ရ​လိမ့်မည်။ လူတိုင်း ဘုရားသခင်​ကို ချီးမွမ်း​လိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု ဖော်ပြထား၏။

အခန်းကိုကြည့်ပါ။



ရော​မ 14:11
15 ပူးပေါင်းရင်းမြစ်များ  

ထိုမျှမက ဘုရင်​အပေါင်း​တို့​သည် သူ​၏​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​ကို​အစေခံ​ကြ​ပါစေသော​။


ပတ်ပတ်လည်​သို့ မျှော်ကြည့်​လော့​။ သူ​တို့​အားလုံး​သည် စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ ထာဝရဘုရား​က “​ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အားလုံး​ကို အဆင်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​လိမ့်မည်​။ သတို့သမီး​ကဲ့သို့ ဆင်မြန်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “ငါ​အသက်ရှင်​သည်​နှင့်အညီ ယောယကိမ်​၏​သား ယုဒ​ဘုရင်​ခေါနိ​သည် ငါ့​လက်ယာ​လက်​၌​ရှိ​သော တံဆိပ်​ဖြစ်​ခဲ့​လျှင်​လည်း သင့်​ကို ငါ​ဖယ်ပစ်​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် သင်​ပြု​သော စက်ဆုပ်​ရွံရှာဖွယ်​အမှု​အပေါင်း​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ပြီ​ဖြစ်၍ ငါ​အသက်ရှင်​သည်​နှင့်အညီ သင့်​ကို မ​သနား​၊ မ​ညှာတာ​ဘဲ သုတ်သင်​ပစ်​မည်​။


ထို့ကြောင့် ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မောဘ​ပြည်​သည် သောဒုံ​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် ဂေါမောရ​မြို့​ကဲ့သို့ ဆူးတော​၊ ဆား​တွင်း​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​လိမ့်မည်​။ ကြွင်းကျန်​သော ငါ့​လူမျိုး​တော်​တို့​သည် သူ​တို့​ကို တိုက်ခိုက်​ကြ​လိမ့်မည်​။ အသက်ရှင်​ကျန်ရစ်​သော ငါ့​လူမျိုး​တော်​တို့​သည်​လည်း ထို​ပြည်​တို့​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်”​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ငါ​သည် အမှန်ပင်​အသက်ရှင်​သည်​ဖြစ်၍ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​နှင့်​ပြည့်​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​အား ‘​ငါ အသက်ရှင်​သည်​ဖြစ်၍ ငါ​ကြားသိ​အောင် သင်​တို့​ပြော​ခဲ့​သည့်​စကား​အတိုင်း သင်​တို့​အား ငါ အမှန်တကယ်​ပြု​မည်​။


သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။


သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။


လူမျိုးခြား​တို့​သည်​လည်း ကရုဏာ​တော်​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​ဖြစ်​၏။ ဤသည်ကား ကျမ်းစာ​၌ “ထို့ကြောင့် အကျွန်ုပ်​သည် လူမျိုးခြား​တို့​အထဲတွင် ကိုယ်တော်​ကို​ထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​သီဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။


အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။


ထိုအခါ သတ္တဝါ​လေး​ပါး​တို့​က “အာမင်”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​တို့​သည်​လည်း ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။