Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 14:11 - Common Language Bible

11 ကျမ်း​စာ​တော်​တွင်၊ ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' ဟူ​၍​ဆို​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ကျမ်းစာ​၌ “ထာဝရဘုရား မိန့်တော်မူသည်​မှာ ‘ငါ​သည် အသက်ရှင်သော​ဘုရား ဖြစ်သည့်​အတိုင်း လူတိုင်း ငါ့​ရှေ့​၌ ဒူးထောက်ရ​လိမ့်မည်။ လူတိုင်း ဘုရားသခင်​ကို ချီးမွမ်း​လိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု ဖော်ပြထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:11
15 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။


သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မှာ``သင်​တို့​သည်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော အ​မှု​အ​ပေါင်း​ကို​ပြု​လျက် ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​သ​ဖြင့် ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ သင်​တို့​အား​သ​နား​ညှာ​တာ​မှု​မ​ရှိ​ဘဲ သုတ်​သင်​ပစ်​မည်။-


ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။


ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊-


ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-


``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။-


သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-


သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။-


လူ့​ဇာ​တိ​ကို​ခံ​ယူ​၍​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​သည်​ကို​လက်​မ​ခံ​ဘဲ လှည့်​ဖြား​သော သူ​အ​များ​ပင်​ကမ္ဘာ​လော​က​ထဲ​သို့​ရောက်​ရှိ​နေ လေ​ပြီ။ ထို​သို့​သော​သူ​သည်​လှည့်​ဖြား​သော​သူ၊ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။-


သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ