ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
ရောမ 13:6 - မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။ Common Language Bible ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။- Judson Bible ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကြောင့် အခွန်ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့သည် အုပ်ချုပ်ရန် အချိန်ပြည့်တာဝန်ယူထားသော ဘုရားသခင်၏ အစေခံများဖြစ်သောကြောင့်ပင်။ |
ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကိုအုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။
အချို့ကလည်း “ငါတို့၏လယ်များ၊ စပျစ်ခြံများအတွက် ဘုရင့်ထံအခွန်ဆောင်ဖို့ ငွေချေးကြရပြီ။
“ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။
တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။