သူ့ကိုထောင်ဖမ်းမည့်ကြိုးကွင်းကို မြေကြီးတွင် ဝှက်ထားလိမ့်မည်။ သူသွားမည့်လမ်းတွင် ထောင်ချောက်ဆင်ထားလိမ့်မည်။
ရောမ 11:9 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကလည်း “သူတို့၏စားပွဲသည် သူတို့အတွက် ကျော့ကွင်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ မှားယွင်းစေသောအရာသော်လည်းကောင်း၊ လက်တုံ့ပြန်စရာသော်လည်းကောင်း ဖြစ်ပါစေ။ Common Language Bible ထို့အပြင်ဒါဝိဒ်မင်းက၊ ``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။ Garrad Bible သူ တို့ စား သောက် ပွဲ သည် ကိုယ်၌ ကျော့ ကွင်း၊ ထောင် ချောက်၊ ခ လုတ်၊ ဝိ ပါက် ဖြစ် ပါ စေ။ Judson Bible ဒါဝိဒ်၏စကား ဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်လည်းကောင်း၊ ဂျမ်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ ခံထိုက်သော အပြစ်သော်လည်းကောင်း ဖြစ်ပါစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒါဝိဒ်မင်းကလည်း “သူတို့၏ စားပွဲသည် ကျော့ကွင်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ ထိမိ၍ လဲစရာသော်လည်းကောင်း၊ လက်စားချေစရာသော်လည်းကောင်း ဖြစ်ပါစေ။ |
သူ့ကိုထောင်ဖမ်းမည့်ကြိုးကွင်းကို မြေကြီးတွင် ဝှက်ထားလိမ့်မည်။ သူသွားမည့်လမ်းတွင် ထောင်ချောက်ဆင်ထားလိမ့်မည်။
သူတို့၏လုပ်ဆောင်ချက်နှင့် သူတို့ပြုသောဆိုးညစ်မှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့လက်ဖြင့်ပြုသောအမှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့ခံထိုက်သောအရာကို သူတို့အား ပြန်၍ပေးတော်မူပါ။
အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
သူတို့၏လုပ်ဆောင်မှုနှင့်အညီ ရန်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့အား အကျိုးအပြစ်ကိုလည်းကောင်း ပေးဆပ်တော်မူမည်။ ကမ်းရိုးတန်းဒေသတို့အား အကျိုးအပြစ်ကို ပေးဆပ်တော်မူမည်။
သင်၏ဘုရားသခင်ထာဝရဘုရားက “ငါသည် သားဖွားချိန်ရောက်စေပြီးမှ သားမဖွားစေဘဲနေမည်လော။ သားဖွားခြင်းအမှုကိုဖြစ်စေသောငါသည် သားအိမ်ကိုပိတ်ထားမည်လော”ဟု မိန့်တော်မူ၏။
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
အကြောင်းမူကား ကောင်းကင်တမန်များအားဖြင့် မိန့်တော်မူသောတရားတော်သည် တည်မြဲ၍ ဖောက်ဖျက်ကျူးလွန်မှုနှင့်မနာခံမှုရှိသမျှတို့အတွက် ထိုက်သင့်သောအပြစ်ဒဏ်ကို လူတို့ခံရသည်ဆိုလျှင်