ထို့နောက် သူက “ထာဝရဘုရားအဖို့ ငါ မည်မျှစိတ်အားကြီးသည်ကို ငါနှင့်လိုက်၍ကြည့်ပါ”ဟု ဆို၍ မိမိ၏စစ်ရထားတွင် လိုက်ပါစီးနင်းစေ၏။
ရောမ 10:2 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။ Common Language Bible သူတို့သည်ဘုရားသခင်အား အလွန်ကြည်ညို သူများဖြစ်ကြောင်းကိုငါအာမခံနိုင်၏။ သို့ သော်သူတို့၏ကြည်ညိုမှုနည်းလမ်းသည်မှန် သောအသိပညာအပေါ်၌မတည်။- Garrad Bible သူ တို့ သည် ဘု ရား သ ခင့် အ ဖို့ စိတ် စေ တ နာ ထက် သန် ကြောင်း ငါ သက် သေ ခံ၏။ Judson Bible ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။ |
ထို့နောက် သူက “ထာဝရဘုရားအဖို့ ငါ မည်မျှစိတ်အားကြီးသည်ကို ငါနှင့်လိုက်၍ကြည့်ပါ”ဟု ဆို၍ မိမိ၏စစ်ရထားတွင် လိုက်ပါစီးနင်းစေ၏။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
“အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက်
ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။
သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့်
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
အမှန်စင်စစ် သူသည် သင်တို့မှစ၍ လောဒိကိမြို့နှင့်ဟေရပေါလိမြို့၌ရှိသောသူတို့အတွက် အလွန်ပင်ပန်းစွာကြိုးစားလျက်ရှိကြောင်း ငါသက်သေခံ၏။