ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။
ရုသ 3:6 - မြန်မာ့စံမီသမ္မာကျမ်း တလင်းပြင်သို့သွား၍ ယောက္ခမပြောသည့်အတိုင်း ပြုလေ၏။ Common Language Bible ထိုနောက်ရုသသည်ကောက်နယ်တလင်းသို့ သွား၍ မိမိ၏ယောက္ခမမှာကြားလိုက်သည် အတိုင်းပြု၏။- Garrad Bible ကောက် နယ် တ လင်း သို့ သွား ရောက် လျက် ယော က္ခ မ ပြော ဆို သ မျှ အ တိုင်း လိုက် နာ လေ ၏။ Judson Bible ကောက်နယ်တလင်းသို့ သွား၍ ယောက္ခမမှာထားသမျှအတိုင်း ပြုလေ၏။ |
ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။