Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 2:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ကိုယ့်​လူမျိုး​၊ ကိုယ့်​ဇာတိ​အကြောင်း ထုတ်ဖော်​မ​ပြ​ရန် မော်ဒကဲ​သည် ဧသတာ​အား မှာထား​သဖြင့် ဧသတာ​လည်း ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မော် ဒ ကဲ မှာ ထား သည့် အ တိုင်း၊ ဧ သ တာ သည် အ မျိုး အ နွယ် ကို မ ဖော် မ ပြ သေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 2:10
9 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် မော်ဒကဲ​သည် ဧသတာ​၏​အခြေအနေ​အကျိုးအကြောင်း​ကို​သိရှိ​ရန် အပျိုတော်​နန်းဆောင်​ဝင်း​ရှေ့​သို့ နေ့တိုင်း သွား​လေ့​ရှိ​၏​။


ဧသတာ​သည် မော်ဒကဲ​မှာထား​သည့်​အတိုင်း မိမိ​လူမျိုး​၊ မိမိ​ဇာတိ​ကို ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ မိမိ​ကို မော်ဒကဲ​ကျွေးမွေး​စောင့်ရှောက်​ခဲ့​စဉ်​အချိန်​က​ကဲ့သို့ပင် ယခု​လည်း မော်ဒကဲ​၏​စကား​ကို နားထောင်​လျက်​ရှိ​၏​။


မော်ဒကဲ​သည် မိမိ​ဘထွေး​၏​သမီး ဟဒဿ ခေါ် ဧသတာ​ကို ထိန်းကျောင်း​ပေး​ခဲ့​ရ​၏​။ အကြောင်းမှာ ထို​မိန်းကလေး​သည် မိဘ​မ​ရှိ​၊ ရုပ်ရည်​မှာ ချစ်စရာကောင်း​၍ လှပ​သော​အဆင်း​ရှိ​၏​။ သူ​၏​မိဘ​များ သေဆုံး​သွား​သဖြင့် မော်ဒကဲ​သည် သူ့​ကို​သမီး​သဖွယ် စောင့်ရှောက်​ပေး​ခဲ့​ခြင်း​ဖြစ်​၏​။


ထို့နောက် ဟာမန်​က အာရွှေရု​မင်းကြီး​အား “​အရှင်မင်းကြီး​ပိုင်​နိုင်ငံ​တော်​တစ်ဝန်းလုံး​ရှိ နယ်မြေဒေသ​အသီးသီး​မှ​ပြည်သူပြည်သား​များ​ကြားတွင် ကွဲလွင့်​ပျံ့နှံ့​နေ​သော​လူမျိုး​တစ်​မျိုး​ရှိ​ပါ​၏​။ သူ​တို့​၏​စည်းမျဉ်း​ဥပဒေ​များ​သည် အခြား​လူမျိုး​အပေါင်း​တို့​နှင့်​မတူ​။ သူ​တို့​သည် အရှင်မင်းကြီး​၏​စည်းမျဉ်း​ဥပဒေ​များ​ကို မ​လိုက်နာ​သောကြောင့် သူ​တို့​ကို ဤ​အတိုင်း​လွှတ်​ထား​လျှင် အရှင်မင်းကြီး​အတွက် အကျိုး​မ​ရှိ​နိုင်​ပါ​။


ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


သားသမီး​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​မိဘ​စကား​ကို နားထောင်​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် မှန်ကန်​သော​အမှု​ဖြစ်​၏။


တလင်းပြင်​သို့​သွား​၍ ယောက္ခမ​ပြော​သည့်​အတိုင်း ပြု​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ