ထိုအခါ ဘုရားသခင်က “မှန်ပေ၏။ သင်သည် ရိုးဖြောင့်သောစိတ်ဖြင့် ဤအမှုကိုပြုကြောင်း ငါသိ၍ သင်သည် ငါ့ကိုမပြစ်မှားမိစေရန် ငါဟန့်တား၏။ ထို့ကြောင့် ငါသည် သင့်အား ထိုမိန်းမကိုထိခွင့်မပေးခဲ့ချေ။
ရုသ 2:9 - မြန်မာ့စံမီသမ္မာကျမ်း လုလင်တို့ ကောက်ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်သို့လိုက်ပါ။ သူတို့သည် သင့်ကို မထိပါးစေရန် ငါမှာထားပြီ။ ရေဆာလျှင် လုလင်တို့ ခပ်ထားသောရေအိုးထဲမှရေကို သွား၍ခပ်သောက်ပါ”ဟု ဆို၏။ Common Language Bible သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။ Garrad Bible ရိတ် သိမ်း သော အ ခင်း ကို မှတ်၍ လိုက် လော့။ လု လင် တို့ သည် သင်၌ မ ထိ မ ခိုက် ရန် မှာ နှင့် ပြီ မ ဟုတ် လော။ ရေ ငတ် လျှင် အိုး ထား ရာ သို့ သွား၍ လု လင် တို့ ခပ် လောင်း သော ရေ ကို သောက် လော့ ဟု ဆို သော်၊ Judson Bible သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊ |
ထိုအခါ ဘုရားသခင်က “မှန်ပေ၏။ သင်သည် ရိုးဖြောင့်သောစိတ်ဖြင့် ဤအမှုကိုပြုကြောင်း ငါသိ၍ သင်သည် ငါ့ကိုမပြစ်မှားမိစေရန် ငါဟန့်တား၏။ ထို့ကြောင့် ငါသည် သင့်အား ထိုမိန်းမကိုထိခွင့်မပေးခဲ့ချေ။
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့ရေးလာသောအကြောင်းအရာများနှင့်ပတ်သက်၍ ယောက်ျားသည် မိန်းမနှင့်အတွေ့အထိမရှိလျှင် ကောင်း၏။
ဘုရားသခင်ထံမှပေါက်ဖွားလာသောသူသည် အပြစ်ပြုနေခြင်းမရှိကြောင်း ငါတို့သိကြ၏။ ဘုရားသခင်ထံမှပေါက်ဖွားလာသောအရှင်သည် သူ့ကိုစောင့်ရှောက်တော်မူသောကြောင့် မာရ်နတ်သည် သူ့ကိုမထိခိုက်နိုင်။
ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ
ထိုအခါ ဗောဇက ရုသအား “ငါ့သမီး၊ နားထောင်ပါ။ အခြားလယ်ကွက်သို့သွား၍ ကောက်သင်းမကောက်နှင့်။ ဤနေရာမှ ထွက်မသွားနှင့်။ ငါ့အစေအပါးမိန်းကလေးတို့အနားမှာသာ နေပါ။