Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 2:9 - Common Language Bible

9 သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ရိတ် သိမ်း သော အ ခင်း ကို မှတ်၍ လိုက် လော့။ လု လင် တို့ သည် သင်၌ မ ထိ မ ခိုက် ရန် မှာ နှင့် ပြီ မ ဟုတ် လော။ ရေ ငတ် လျှင် အိုး ထား ရာ သို့ သွား၍ လု လင် တို့ ခပ် လောင်း သော ရေ ကို သောက် လော့ ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သူ​တို့​ရိတ်​သော လယ်​ကွက်​ကို​ကြည့်​မှတ်၍ သူ​တို့​နောက်၌ လိုက်​လော့။ လု​လင်​တို့​သည် သင့်​ကို မ​နှောင့်​ယှက်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ။ ရေ​ငတ်​သော​အ​ခါ၊ အိုး​ထား​ရာ​သို့​သွား၍ လု​လင်​ခပ်​သော​ရေ​ကို သောက်​တော့​ဟု ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 လုလင်​တို့ ကောက်ရိတ်​သော​လယ်ကွက်​ကို​ကြည့်မှတ်​၍ သူ​တို့​နောက်သို့​လိုက်​ပါ​။ သူ​တို့​သည် သင့်​ကို မ​ထိပါး​စေရန် ငါ​မှာထား​ပြီ​။ ရေဆာ​လျှင် လုလင်​တို့ ခပ်​ထား​သော​ရေအိုး​ထဲမှ​ရေ​ကို သွား​၍​ခပ်သောက်​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 2:9
11 ပူးပေါင်းရင်းမြစ်များ  

အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-


အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။


ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင် မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။


သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊


အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''


သင်​တို့​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​တွင် ပါ ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဖြေ​ကြား​အံ့။ အ​မျိုး​သား​သည်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​နိုင်​လျှင်​ကောင်း​၏။-


ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။


ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊


ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ