ဒါဝိဒ်သည် ယာဗက်ဂိလဒ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “သင်တို့သည် သင်တို့၏အရှင်ရှောလုမင်းကြီးကို ဤသို့မေတ္တာပြ၍ သင်္ဂြိုဟ်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော။
ရုသ 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။ Common Language Bible နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။ Garrad Bible နော မိ က၊ သေ သူ ရှင် သူ တို့၌ မ ပြတ် မ စဲ ကျေး ဇူး ပြု သော ထို သူ သည် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော ဟူ ၍ လည်း ကောင်း၊ ငါ တို့ ဆွေ မျိုး နီး စပ် ရွေး ပိုင် သူ တို့ အ ပါ အ ဝင် ဖြစ် သည် ဟူ၍ လည်း ကောင်း၊ Judson Bible ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။ |
ဒါဝိဒ်သည် ယာဗက်ဂိလဒ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “သင်တို့သည် သင်တို့၏အရှင်ရှောလုမင်းကြီးကို ဤသို့မေတ္တာပြ၍ သင်္ဂြိုဟ်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော။
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။
မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။ ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။
မောဘအမျိုးသမီးရုသကလည်း “ထိုသူက ‘သီးနှံအားလုံးရိတ်သိမ်းပြီးသည်အထိ ငါ့ငယ်သားတို့အနားမှာသာ နေပါ’ဟူ၍ အကျွန်ုပ်အား ဆိုသေး၏”ဟု ပြောပြ၏။
ငါသည် ရွေးနုတ်ခွင့်ရှိသူ မှန်သော်လည်း ငါ့ထက် ပို၍ရွေးနုတ်ခွင့်ရှိသူတစ်ဦး ရှိသေး၏။
ထိုအခါ မိန်းမတို့က နောမိအား “ယနေ့ သင့်အဖို့ ရွေးနုတ်ခွင့်ရှိသူကို ပေါ်လာစေသောထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ထိုသူငယ်သည် အစ္စရေးလူမျိုးတို့တွင် နာမည်ကျော်စောပါစေသော။
သင့်ကို ပြောပြသင့်သည်ထင်ပါ၏။ ယခု ဤနေရာတွင်ထိုင်နေသောသူတို့နှင့် မြို့သားသက်ကြီးဝါကြီးတို့ရှေ့တွင် ဝယ်ပါ။ သင်ရွေးနုတ်လိုလျှင် ရွေးနုတ်ပါ။ မရွေးနုတ်လိုလျှင် အကျွန်ုပ်ကိုပြောပါ။ သင်နှင့် ကျွန်ုပ်မှလွဲ၍ ရွေးနုတ်ပိုင်သူမရှိ။ သင်အလျင် ရွေးနုတ်ပိုင်ခွင့်ရှိသည်။ သင်မရွေးနုတ်လျှင် ကျွန်ုပ်ရွေးနုတ်မည်”ဟု ဆိုလျှင် ထိုသူက “ကျွန်ုပ်ရွေးနုတ်ပါမည်”ဟု ဆို၏။
ရွေးနုတ်ခွင့်ရှိသူကလည်း “ကျွန်ုပ်ပိုင်သောအမွေမြေအတွက် အန္တရာယ်ဖြစ်မည်ကို စိုးသောကြောင့် ကျွန်ုပ်မရွေးနုတ်တော့ပါ။ ကျွန်ုပ်မရွေးနုတ်နိုင်သောကြောင့် သင်သာ ရွေးနုတ်ပါ”ဟု ပြန်ပြော၏။