သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
ရုသ 1:8 - မြန်မာ့စံမီသမ္မာကျမ်း နောမိက ချွေးမနှစ်ဦးအား “သင်တို့ ကိုယ့်မိခင်အိမ်သို့ ပြန်သွားကြလော့။ ကွယ်လွန်သွားသောသင်တို့ခင်ပွန်းနှင့် ငါ့အပေါ် သင်တို့မေတ္တာကရုဏာပြခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင်တို့အပေါ် မေတ္တာကရုဏာ ပြတော်မူပါစေသော။ Common Language Bible နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။- Garrad Bible ထို အ ခါ နော မိ က ချွေး မ တို့ အား သင် တို့ နှစ် ယောက် လုံး ပင်၊ ကိုယ့် အ မိ အိမ် သို့ ပြန် သွား ကြ လေ။ ကွယ် လွန် သူ တို့ ၌ လည်း ကောင်း၊ ငါ ၌ လည်း ကောင်း၊ ကျေး ဇူး ပြု ကြ သည့် အ လျောက် သင် တို့၌ ထာ ဝ ရ ဘု ရား ကျေး ဇူး ပြု တော် မူ သ ဖြင့်၊ Judson Bible သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။ |
သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသည်ဖြစ်၍ ဆုလာဘ်အဖြစ်အမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
ထို့နောက် မဟာလုန်နှင့် ခိလျုန် နှစ်ယောက်စလုံးလည်း သေဆုံးသွားသဖြင့် နောမိသည် သားနှစ်ယောက်မရှိ၊ ခင်ပွန်းသည်မရှိဘဲ ကျန်ရစ်ခဲ့ရ၏။
ထို့နောက် ချွေးမနှစ်ယောက်နှင့်အတူ လက်ရှိနေထိုင်ရာအရပ်မှ ယုဒပြည်သို့ ခရီးပြုထွက်ခွာလာကြ၏။
သင်တို့သည် နောက်အိမ်ထောင်ပြုပြီး အေးချမ်းစွာနေရသောအခွင့်ကို သင်တို့အား ထာဝရဘုရား ပေးသနားတော်မူပါစေသော”ဟု ဆိုပြီး သူတို့ကို နမ်းရာ သူတို့သည် အော်ဟစ်ငိုကြွေး၍
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
ဗောဇကလည်း “ငါ့သမီး၊ ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ဆင်းရဲသောလူပျို၊ ချမ်းသာသောလူပျိုတို့နောက်သို့ မလိုက်။ ယခု သင်ပြသောမေတ္တာကရုဏာသည် ယခင် ပြခဲ့သည်ထက် သာ၍မြတ်၏။