ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဆင်ခြင်ကြလော့။ အမျိုးသမီးငိုချင်းသည်တို့ကိုခေါ်လော့။ သူတို့လာပါစေ။ ကျွမ်းကျင်သောအမျိုးသမီးငိုချင်းသည်တို့ကို လွှတ်လိုက်လော့။ သူတို့လာပါစေ။
အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူ အမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ထို အ ရေး ကို စဉ်း စား၍၊ ငို ချင်း ဖွဲ့ ဆို သော မိန်း မ၊ လိ မ္မာ သော မိန်း မ တို့ ကို ခေါ် သည် နှင့်၊
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည်မတို့ကို ခေါ်၍လာကြစေ။ လိမ္မာသောမိန်းမတို့ရှိရာသို့ စေလွှတ်၍ လာကြစေ။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
နေ့ကိုကျိန်ဆဲသူများ၊ လဝိသန်ကိုနှိုးဆွဖို့ အသင့်ရှိသောသူများသည် ထိုညကို ကျိန်ဆဲကြပါစေ။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။
“အချင်းလူသား၊ တိုင်ရာမြို့အတွက် ငိုချင်းချလော့။
လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့အကြောင်းကို ငါငိုချင်းဖွဲ့သီဆိုမည်။ ဤအကြောင်းကို သင်တို့ နားထောင်ကြလော့။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် ထိုအကြီးအကဲ၏အိမ်သို့ရောက်တော်မူ၍ ပလွေမှုတ်သူတို့နှင့် ရုတ်ရုတ်သဲသဲဖြစ်နေသောလူအစုအဝေးတို့ကိုမြင်လျှင်
ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်သို့ သူတို့ရောက်ကြသောအခါ လူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူလျှင်