Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 9:17 - Common Language Bible

17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူ အ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ထို အ ရေး ကို စဉ်း စား၍၊ ငို ချင်း ဖွဲ့ ဆို သော မိန်း မ၊ လိ မ္မာ သော မိန်း မ တို့ ကို ခေါ် သည် နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆင်​ခြင်​ကြ​လော့၊ ငို​ခြင်း​သည်​မ​တို့​ကို ခေါ်၍​လာ​ကြ​စေ။ လိ​မ္မာ​သော​မိန်း​မ​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍ လာ​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဆင်ခြင်​ကြ​လော့​။ အမျိုးသမီးငိုချင်းသည်​တို့​ကို​ခေါ်​လော့​။ သူ​တို့​လာ​ပါစေ​။ ကျွမ်းကျင်​သော​အမျိုးသမီးငိုချင်းသည်​တို့​ကို လွှတ်လိုက်​လော့​။ သူ​တို့​လာ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 9:17
12 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။


နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။


ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။


``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍ သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​သ​ဖွယ်​ဣသ​ရေ​လ လူ​မျိုး​အား​ဖျက်​ဆီး​မူ​၏။ သူ​တို့​၏​ခံ​တပ်​များ​နှင့်​နန်း​တော် အ​ဆောက်​အ​အုံ​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​စေ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ဝမ်း​နည်း ကြေ​ကွဲ​၍​မ​ဆုံး​နိုင်​အောင်​ပြု​တော်​မူ​ပြီ။


``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-


ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။


အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို သင်္ဂြိုဟ်​ဖို့​ငါ​သီ​ဆို​မည့်​ဤ​အ​သု​ဘ တေး​ကို​နား​ဆင်​ကြ​လော့။


ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။


သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။-


ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ